Traditional Craft

တောင်ပေါ်၊ မြေပြန့်နှင့် မြစ်ဝကျွန်းပေါ်ဒေသဟူ၍ ရေမြေသဘာဝကွဲပြားသည့် ဒေသများပေါင်းစုထားသည် နှင့် အညီ ထိုဒေသမျိုးစုံတွင် နေထိုင်သော တိုင်းရင်းသားလူမျိုးတို့၏ လူနေမှုပုံစံပေါ်လိုက်၍ ၄င်းတို့၏ ရိုးရာလက်မှု လုပ်ကိုင်မှုအလေ့အထများလည်း ကွဲပြားကြသည်။ ထို့ကြောင့် မြန်မာနိုင်ငံသည် လက်မှုနှင့်ပတ်သက်သည့် အစဉ်အလာ ကြီးမားထွန်းကားသည့် နိုင်ငံတစ်ခုဟု ဆိုနိုင်ပေသည်။

ရှေးမြန်မာတို့၏ လူနေမှုပုံစံတွင် လက်မှု၏ အခန်းကဏ္ဍသည် လွန်စွာအရေးပါခဲ့သည်။ အိမ်တွင်းသုံးပစ္စည်းများ၊ လယ်ယာသုံးပစ္စည်းများ၊ အ၀တ်အထည်များ၊ အဆင်တန်ဆာများ၊ အိမ်တွင်းအလှဆင်ပစ္စည်းများမှ အစပြု၍ နန်းတွင်းသုံး အဖိုးတန်ပစ္စည်းများအထိ လက်မှုအနုပညာ၏ အခန်းကဏ္ဍတွင်ကျယ်ခဲ့သည်။ မြန်မာ့လက်မှုတွင် ပန်းဆယ်မျိုးဟုထင်ရှားသည့်အပြင် အခြားသောအရေးပါသည့် လက်မှုလုပ်ငန်းများစွာထွန်းကားခဲ့ဖူးသည်။

တိုင်းရင်းသားလူမျိုးပေါင်းစုံ စုပေါင်းနေထိုင်သည့် နိုင်ငံဖြစ်သည့်အတွက်လည်း လူမျိုးစုတစ်ခုချင်းစီ၏ ယဉ်ကျေးမှုကို ဖော်ဆောင်သောလက်မှုပစ္စည်းများစွာရှိသည်။ အသုံးပြုထားသည့်ပစ္စည်း၊ လက်ရာနှင့် အဆင်တန်ဆာများကို ကြည့်ခြင်းအားဖြင့် သက်ဆိုင်ရာ တိုင်းရင်းသားလူမျိုးတို့၏ ရေမြေအနေအထား၊ နေ့စဉ်ဘ၀ နှင့် ယဉ်ကျေးမှုအဆင့်အတန်းတို့ကို တွေ့မြင်နိုင်သည်။ ထို့ကြောင့် မြန်မာ့ရိုးရာလက်မှုများသည် မြန်မာနိုင်ငံ၏ ရေမြေသဘာဝ၊ ယဉ်ကျေးမှုအဆင့်အတန်းနှင့် လူနေမှုပုံစံတို့ကို ထင်ဟပ်ကိုယ်စားပြုသည့် အဖိုးတန်အရာများဖြစ်သည်။

 

Traditional Craft

Natures of hand crafted works are diverse in the way of the culture of tribes those living in different parts of Myanmar. By its colorful several different tribes, Myanmar is recognized as a rich country in its hand crafts culture.

Hand crafts took the important role of early living style of ancient Myanmar. Every single thing of family stuffs were made by hands, house whole, farming, clothing, decoration stuffs up to royal family accessories.

Crafts were not just only for using wares, they were also the cultural identity of each tribe in Myanmar. Beyond the materials, form and accessories of a craft, we can guess the landscaping of their native, daily life and the cultural standard of those ethnic people of Myanmar. That’s why traditional crafts are deserved to be recognized as the symbolism of a country.

 

%d bloggers like this: