ပယင်းတွင် succinic acid ပါဝမှုကြောင့် နာကျင်မှုကိုသက်သာစေခြင်း၊ အရိုးပွခြင်းကိုကာကွယ်ခြင်း၊ ၀မ်းဗိုက်ကို ရှင်းလင်းစေခြင်း၊ ရောဂါပိုးကူးစက်ခြင်းမှ ကာကွယ်ခြင်း နှင့် အဆိပ်အတောက်များကို ဖယ်ထုတ်ပေးနိုင်ခြင်း အစရှိသည့် ဆေးဘက်ဝင်အစွမ်းများရှိသည်။ ပယင်းလည်ဆွဲကို သွားပေါက်စကလေးငယ်များတွင် ၀တ်ဆင်ပေးထားခြင်းဖြင့် နာကျင်မှုကိုသက်သာစေခြင်း၊ ခံတွင်းမှတစ်ဆင့်ကူးစက်ရောဂါများကို ကာကွယ်ပေးခြင်း နှင့် သွားပေါက်ချိန်တွင် အရာဝထ္တုများကို ကိုက်ခြင်း၊ ငုံခြင်းမှ ဖြစ်ပေါ်တတ်သော ခံတွင်းဝေဒနာများကို သက်သာစေပါသည်။
ပယင်းလည်ဆွဲကို ၀တ်ဆင်ပေးထားသည့်အခါ ခန္ဓာကိုယ်အပူချိန်ကြောင့် ပယင်းမှ ထွက်ပေါ်လာသည့် succinic acid အဆီသည် ကလေးငယ်၏ ခန္ဓာကိုယ်တွင်းသို့စိမ့်ဝင်၍ သွေးကြောများထဲသို့ဝင်ရောက်ပါသည်။ နာကျင်မှုဖြစ်ပေါ် သည့်အခါတွင် ကလေးငယ်၏ခန္ဓာကိုယ်အပူချိန်တက်လာပါသည်။ ထိုသို့အပူချိန်တက်လာတိုင်း လည်ဆွဲမှ succinic acid ကို ထုတ်ပေးသောကြောင့် ထိုအပူချိန်ကြောင့်ပင် နာကျင်မှုကို ပြန်လည် လျော့နည်းစေခြင်းဖြစ်ပါသည်။
ထို့ကြောင့် Teething Necklace ကို အမည်အားဖြင့် ခေါ်ဝေါ်သော်လည်း သွားယားပြေစေရန် ကိုက်သည့်အရာမဟုတ်ဘဲ လည်တွင်ဝတ်ဆင်ပေးထားခြင်းဖြင့် သွားပေါက်ချိန်တွင် ဖြစ်ပေါ်သော နာကျင်မှုကို လျှော့ချပေးနိုင်စွမ်းရှိခြင်းကြောင့် ဖြစ်သည်။ ယေဘုယျအားဖြင့် ကလေး အသက် (၄) လမှ (၁၀) လအတွင်း သွားစတင်ပေါက်နိုင်ခြေရှိပြီး သွားစစပေါက်ခြင်းတွင် ခံစားရသော နာကျင်မှုကို သက်သာစေရန် ပယင်းလည်ဆွဲ ၀တ်ဆင်ပေးကြခြင်းဖြစ်သည်။
ထို့ကြောင့် ပယင်းစေ့များကို ကိုက်မြိုမိခြင်း၊ တစ်စုံတစ်ခုနှင့် ချိတ်မိခြင်းတို့မှ ကင်းဝေးစေရန် ကလေးငယ်အား မျက်ကွယ်တွင်တစ်ယောက်တည်း ရှိစေခြင်းအား ရှောင်ကြဉ်ရမည်ဖြစ်ပြီး လည်ဆွဲနှင့် ချိတ်မိနိုင်သော အစွန်း၊ အချိတ်များ ကင်းဝေးရာတွင် ထားရှိထိန်းကျောင်းရန်လိုအပ်ပါသည်။ ကလေးအိပ်ပျော် နေစဉ်အချိန်တွင်လည်း လည်ပင်းမှချွတ်ယူ၍ လက်ကောက်ဝတ် နှင့် ခြေကျင်းဝတ်တို့တွင် ပြောင်းလဲဝတ်ဆင်ပေးနိုင် ပါသည်။ တစ်လုံးချင်း စီကြားတွင် ကြိုးထုံး၍ သီထားသော လည်ဆွဲများသည် ပုတီးလုံးတစ်လုံးနှင့်တစ်လုံးကြား အသားညပ်မိ ခြင်းမှ ကင်းဝေးစေနိုင်သောကြောင့် ဤသို့သီထားသောလည်ဆွဲများကို ရွေးချယ်သင့်ပါသည်။
Succinic acid in amber has the therapeutic properties _ such as helping to prevent from pain, inflammation, infection, and to clear the chest and detoxification. Amber teething necklace reduces the pains when teething and also prevents the oral infections and other oral disease during teething caused by putting things to your baby’s mouth.
Trace amount of succinic acid oils releasing from amber when it directly contacts with baby’s skin as they heat up due to body heat are absorbed into skin and enter the bloodstream. And this succinic acid reduces the inflammation when it was absorbed into the body. The heat of the baby’s skin is linked to the level of inflammation and the circulation of reaction occurs to generate the oil containing succinic acid when the body is heat up by inflammation. The amount of succinic acid released into the skin depends on the heat of the baby’s skin.
Despite the name, teething necklaces are not for chewing on. But it has the therapeutic property to reduce pains when your baby is teething. Generally, babies are teething within (4) months to (10) months and amber teething necklace help you prevent from seeing your baby is painful.
If you are worried about choking hazard, it is advised not to leave your children unattended and to sit where there is nothing for the necklace to catch on, such as buckle, strap etc. Parent can also fasten it doubled around an ankle or wrist when putting the baby to sleep. Necklace with individually knotted beads are recommended to avoid hurting your baby’s skin.