မြန်မာ့ ပယင်း
ပယင်းကို မြန်မာနိုင်ငံ မြောက်ပိုင်း ကချင်ပြည်နယ်မှာ ရှိတဲ့ ဟူးကောင်ချိုင့်ဝှမ်းဒေသ၊ တနိုင်းနယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးတို့ကနေ တူးဖော်ရရှိတာပဲ ဖြစ်ပါတယ်။ ပယင်းဟာ အနည်းဆုံး နှစ်သန်းပေါင်း (၂၅)သန်းမှ သန်း (၅၀) အတွင်းကြာတဲ့ သစ်စေးကနေဖြစ်တဲ့ ကျောက်ဖြစ်ရုပ်ကြွင်းဖြစ်ပြီး ကမ္ဘာ့နိုင်ငံ အနှံ့အပြားမှာ တွေ့ရှိရပါတယ်။ သို့ပေမယ့် မြန်မာ့ပယင်းကတော့ ကမ္ဘာ့အခြားနေရာတွေမှာ တွေ့ရှိရတဲ့ ပယင်းမျိုးကွဲတွေထက် ထူးခြားတဲ့ အဆင်း၊ အရောင်၊ ဂုဏ်သတ္တိတွေရှိပြီး သက်တမ်းပိုရင့်ကြောင်းကို သမိုင်းအထောက်အထားများမှာ တွေ့ရှိရပါတယ်။ ပယင်းဟာ ရုပ်ကြွင်းတွေကို ရာစုနှစ်ပေါင်းများစွာ မပျက်မစီး ငုံသိမ်းထားနိုင်စွမ်းရှိပြီး ကြည်လင်တဲ့ အရောင်ထဲမှာ အကောင်းပကတိအတိုင်းက ကျန်ရှိနေတဲ့ ရုပ်ကြွင်းတွေကိုလည်း မြင်ဖူးကြပါလိမ့်မယ်။ နီညိုရောင်၊ လိမ္မော်ရောင်၊ အစိမ်း၊ နှင်းဆီရောင်၊ အ၀ါရောင်၊ ခရမ်းရောင်၊ အဖြူရောင်ထိ ရှိပြီး ရှားရှားပါးပါး ခရမ်းပြာရောင်အထိ တွေ့ရတတ်ပါတယ်။ ကျောက်မြတ်ရတနာ (၉) ပါးမှာ အပေါ့ပါးဆုံးဖြစ်ပြီး သိပ်သည်းဆနည်းတာမို့ ပျက်စီးလွယ် လောင်ကျွမ်းလွယ်ပါတယ်။
ပယင်းဟာ ကျောက်မြတ်အဆင်အတန်အနေနဲ့သာမက ထူးခြားတဲ့စွမ်းအင်တွေကိန်းအောင်းနေတဲ့ ကျောက်အဖြစ် ထင်ရှားပါတယ်။ ခန္ဓာကိုယ်က မကောင်းတဲ့ အာနိသင်တွေကို စုပ်ယူနိုင်စွမ်း ရှိပြီး ရောဂါဘယတွေကို ပျောက်ကင်းစေနိုင်လို့ ဂမ္ဘီရအစွမ်းရှိတဲ့ ကျောက်အဖြစ် စာပေများမှာ ဖော်ပြကြပါတယ်။ အဖျားရောဂါ၊ ကိုယ်လက်နာကျင်ကိုက်ခဲခြင်း၊ ဒူလာ၊ လည်ပင်းကြီးရောဂါ၊ နှလုံးရောဂါ၊ မျက်စိ၊ သွား နဲ့ အဆုတ်ရောဂါတွေကို ပျောက်ကင်းစေတဲ့ အစွမ်းရှိတယ်လို့ သုတေသနဖော်ပြချက်တွေမှာ တွေ့ရှိရပါတယ်။ အထူးသဖြင့် ပယင်းနဲ့ ပြုလုပ်တဲ့ အဆင်တန်ဆာတွေကို ဆင်မြန်းထားခြင်းအားဖြင့် နေ့စဉ်ကြုံတွေ့ရတဲ့ စိတ်ဖိအားတွေနဲ့ ကိုယ်တွင်းမှာ ကိန်းအောင်းနေတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။ အထူးသဖြင့် ကလေးငယ်တွေရဲ့ ကျန်းမာရေးကို ထိန်းသိမ်းပေးတာမို့ ကလေးအိပ်ခန်းတွေမှာ အကာအကွယ်အဖြစ် ထားရှိ အသုံးပြုကြပါတယ်။
ဒီလို ထူးခြားတဲ့ ဂုဏ်သတ္တိရှိပြီး ရှားပါးအရည်အသွေးမြင့်တဲ့ ပယင်းကျောက်တွေနဲ့ ပြုလုပ်ထားတဲ့ လက်ဝတ်ရတနာနဲ့ အဆင်တန်ဆာတွေကို Myanhouse မှာ စုစည်းထားရှိတာမို့ ကျောက်မြတ်ရတနာမြတ်နိုးသူနဲ့ ပယင်းချစ်သူတို့ လာရောက် ကြည့်ရှုဝယ်ယူနိုင်ဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။
Burmese Amber (Burmite)
For this time, let us introduce our customers with Burmese Ambers and the accessories made from ambers we collected here at Myanhouse.
Burmese amber also known as Burmite found in Hukawng Valley in northern state of Kachin, Tanine and KhanTee in Sagai region. Amber is the organic gem stone transformed from the fossilized tree sap or resin at least (25) to (50) millions years of time and can be found in different parts of the world. But historical accounts say that Burmese amber is remarkably special in shapes, colours and its powers and age then the other types of ambers found. We’re sure that you have happened to see insects and other inclusions kept safe in the clear colours of ambers for several centuries. Ambers can be found in dark red, burned orange, green, rose red, yellow, violet to white and purple blue can be found rarely. It is the lightest gem in (9) listed gems, fragile and easy to be burned as it is lesser in density.
Ambers are famous not only for its capacity as the organic gem stone but also for its special powers. Literatures say that amber is the magical stone that can absorb negative energy from your body and has the healing capacity. Researches show that amber is also known to cure diseases such as rheumatism, headache, goiter, and disorders pertaining to the eyes, teeth, throat, and lungs. Wearing the accessories or jewelry made from ambers can cure you from daily stress and the toxic from your body. Especially, amber also can protect and cure the health of very young kids and people keep it as the protection in their children’s rooms.
So please come and visit Myanhouse to see undoubtedly flawless amber collections with several different designs, sizes and colours in translucent and fluorescent quality.