အင်ကြင်းကျောက် (Petrified Wood)

အင်ကြင်းကျောက်သည် သစ်ပင်၏ ပင်စည်တွင် ဒြပ်စင်များနေရာယူဝင်ရောက်မှုကြောင့် အသွင်ပြောင်းလာသော ကျောက်တစ်မျိုးဖြစ်သည်။ သစ်ပင်ကြီးများ သဘာဝဘေးဒဏ်ကြောင့်ပြိုလဲကျပြီးနောက် ရေတိုက်စားမှုများ၊ ရွှံ့နွံများ ဖုံးလွှမ်းကာ မြေထုအောက်သို့ တဖြည်းဖြည်းကျရောက်သွားခဲ့သည်။ ထိုသို့ မြေထုအောက်သို့ ရောက်သွားခဲ့သော်လည်း သစ်ပင်များ၏ တစ်သျှူးဆဲလ်များသည် သေဆုံးပျောက်ကွယ်ခြင်းမရှိဘဲ ထိုဆဲလ်ပေါက်လေးများမှ တစ်ဆင့် ၀င်ရောက်နေရာယူသော ဒြပ်စင်များနှင့် ရောနှောနေသော ရေများသည် အငွေ့ပျံသွားသည့်အခါ သစ်ပင်ကြီးများ၏ ကိုယ်ထည်များအတွင်း သတ္ထုဒြပ်စင်များ ကျွင်းကျန်ခဲ့သည်။ ထို့နောက် ဖိအားများကြောင့် အသွင်ပြောင်းလဲကာ နှစ်သန်းပေါင်းများစွာ ကြာမြင့်သည့်အခါတွင် ကျောက်အဖြစ်သို့ ပြောင်းလဲသွားသည်။

This slideshow requires JavaScript.

အင်ကြင်းကျောက်ကို မြန်မာနိုင်ငံအပါအ၀င် အာဂျင်တီးနား၊ ဘယ်(လ်)ဂျီယံ၊ ဘရာဇီး၊ ကနေဒါ၊ အီဂျစ်၊ ပြင်သစ်၊ ထိုင်း၊ အိန္ဒိယ၊ အင်ဒိုနီးရှား နှင့် အမေရိက အစရှိသည့် နိုင်ငံပေါင်း (၂၅) နိုင်ငံခန့်တွင်သာတွေ့ရှိနိုင်သည်။

မြန်မာနိုင်ငံတွင် တွေ့ရှိရသည့် အင်ကြင်ကျောက်ဖြစ်ရုပ်ကြွင်းများ၏သက်တမ်းသည် နှစ်ပေါင်း (၇)သန်းအထိပင် ရှိသည်ဟု လေ့လာတွေ့ရှိချက်များတွင် ဖော်ပြသည်။

အင်ကြင်းကျောက်သည် နှစ်သန်းပေါင်းများစွာကြာမှ အသွင်ပြောင်းဖြစ်ပေါ်လာသည့်ကျောက်ဖြစ်သည့်အပြင် သဘာဝစွမ်းအင်များကိန်းအောင်းနေသည့်ကျောက်ဖြစ်သည့်အတွက် ကမ္ဘာ့ကျောက်မျက်ရတနာတွင် ထင်ရှားသည်။ အင်ကြင်းကျောက်သည် သက်ရှိသစ်ပင်မှပြောင်းလဲဖြစ်ပေါ်လာသည့်အတွက် ကိုယ်ခန္ဓာတွင်ကျရောက်သော ရောဂါများကို ကာကွယ်ပေးသည့်အပြင် စိတ်ပိုင်းဆိုင်ရာ စွမ်းအင်များ တိုးပွားစေရန်လည်း အထောက်အကူပြုသည်။ စိတ်တည်ငြိမ်မှုကို ပေးစွမ်း၍ သဘာဝနှင့်လူအကြား သမမျှတမှုကို ဖြစ်စေသည်။ အင်ကြင်းကျောက်အသားမှာ အေးမြသောသဘာဝရှိ၍ သစ်ပင်ကဲ့သို့ပင် အကြောအမျှင်များပါရှိသည်။

 

Petrified Wood (Fossils Wood)

Petrified wood is the result of tree when it was fallen down and buried under the earth and replaced by the elements and silicate minerals through its tissue cells, while maintaining the wood’s original structure. The replaced elements, water and the compressions of the earth make the transformation within the living tissue cells of the tree and resulted as the stone after millions of years.

12

Petrified wood can be found only in (25) countries including Myanmar such as Argentina, Belgium, Brazil, Canada, Egypt, France, Thailand, India, Indonesia and United States.

Geological facts show that some petrified wood sourced in Myanmar are the resulted works after over (7) millions of years.

Petrified wood is renowned in world gems market as it is the three-dimensional transformed fossil wood after several millions of years and has the natural and magical energies. Since it has been transformed from the breathing, living tree, it is said to have the power and energy of health protections for physical body and mental. It also help you calm in any emotional conditional conditions and bring you the balance between you and the mother nature. The texture of petrified wood is cold and has the surface like the consistency of the tree.

34

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: