မြန်မာမေ၏ ထုတ်ကုန်တစ်ခုဖြစ်သော ‘သဘာဝဆိုးဆေး ပုဝါ’ ကို ပဒုမ္မာကြာ၊ အင်ကြင်းခေါက်၊ ရှားစေး၊ ထိန်းညက်၊ ဇီးဖြူသီး၊ ဖန်ခါးသီး စသည်တို့ဖြင့် အရောင်တင်ထားပြီး ပြည်တွင်းဖြစ်ချည်ကိုသာ အသုံးပြုထားသည်။ မြန်မာနိုင်ငံ၏ ရာသီဥတုသည် ပူနွေးစွတ်စိုသည့်အတွက်ကြောင့် သဘာဝချည်စစ်စစ်ကိုသာ ရာနှုန်းပြည့်အသုံးပြုထားသည့်အပြင် သဘာဝဆိုးဆေးကိုသာ အသုံးပြုထားသည့် မျက်နှာသုတ်ပုဝါများကို အသုံးပြုခြင်းက ရာသီဥတုကြောင့် အ၀တ်အထည်များတွင် စွဲကပ်သည့် မှိုနှင့် ဓာတုပစ္စည်းများ ဓာတ်ပြုခြင်းမှ ဖြစ်ပေါ်သော အရေပြားရောဂါများကို ဖြစ်ပေါ်စေမည် မဟုတ်ပါ။ သဘာဝပတ်ဝန်းကျင်နှင့် အထူးကိုက်ညီသော ချည်နှင့် ဆိုးဆေးများကို အသုံးပြုထုတ်လုပ်ထားသည့်အတွက် ဘေးထွက်ဆိုးကျိုးနှင့် အဆိပ်အတောက်ဖြစ်ခြင်းမှ ကင်းဝေးစေပါသည်။
သဘာဝဆိုးဆေးနည်းဖြင့် အရောင်ဆိုးခြင်းသည် အချိန်ကြာညောင်းသည့် အတွက် ဓာတုဗေဒဆိုးဆေးများ အရှိန်အဟုန်ဖြင့် အစားထိုးဝင်ရောက်လာကြသည်။ သို့သော်လည်း သဘာဝနည်းဖြင့် ဆိုးထားသည့် အထည်များသည် သဘာဝ အလှတရား၊ အနှစ်သာနှင့် ပြည့်ဝရုံမျှမက ပတ်ဝန်းကျင်နှင့် လူသားများအတွက်ပါ အထူးသင့်လျှော်သည်မှာ ဆိုဖွယ်မရှိဖြစ်သည်။ ထို့အပြင် သစ်ပင်၊ပန်းပင် နှင့် အသီးအနှံများမှ ပြုလုပ်ထားခြင်းကြောင့် ထုံကျင်ကိုက်ခဲဝေဒနာများ၊ မူးမော်ခြင်း၊ ခေါင်းကိုက်ခြင်း ကိုယ်လက်လေးလံထိုင်းမှိုင်းခြင်းတို့ကို သက်သာစေပြီး ရာသီဥတုနှင့်လည်း ကိုက်ညီပါသည်။
သဘာဝဆိုးဆေးအထည်တစ်ထည် ရရှိရန်အတွက် လိုအပ်သည့် သစ်ဥသစ်ဖုများ ရှာဖွေခြင်း၊ အခြောက်ခံခြင်း၊ ကြိုချက်ခြင်း၊ အနယ်စစ်ရခြင်း၊ ဆေးဆိုးခြင်း၊ အချိန်ကြာမြင့်စွာ ဆေးရည်တွင်စိမ်ထားရခြင်း၊ ပြန်လည်လျှော်ဖွတ်ခြင်းနှင့် အခြောက်ခံခြင်း စသည်တို့အပါအ၀င် အဆင့်များစွာကို သဘာဝနည်းအတိုင်း တစ်ဆင့်ပြီးတစ်ဆင့် ပြုလုပ်သွားရခြင်းဖြစ်သည်။
Natural-dyed Scarf
One of Myanmar May’s products, Natural-dyed Scarf, use only local made cotton and the organic dyes such as lotus, meranti bark, cutch, Caesalpinia sappan, eastern gooseberry and Terminalia chebula. This eco-friendly towel will not let you infect any skin diseases caused by the chemical reactions of the moulds and the chemical ingredients since the product uses pure 100% cotton and natural dyes. And it is suitable for warm and humid weather like Myanmar’s. It is also a non-toxic product protects you from any chemical side-effects as it is made of very eco-friendly raw materials.
Since natural dye processes consume time, chemical dye products are replacing rapidly. But there is no doubt that it has naturally authentic beauty, essence and appropriate for both human and mother nature. Besides, natural-dyed products give you healthy life, relief you from pains, allergies, exhaustion and comfort you in all weathers.
It takes several complicated steps to have a natural-dyed fabric; such as finding organic barks, fruits, seeds, leaves or roots and dry them if it is necessary to, boiling in a specific temperature, filtering, soaking for specific durations, washing and drying.