ယွန်း (Lacquered Ware)

မြန်မာ့ယွန်းသည် မြန်မာတို့၏ ဂုဏ်ယူဝံ့ကြွားဖွယ် လက်မှုပစ္စည်းဖြစ်သည်။ မြန်မာ့ယွန်းအတတ်သည် ဘုရင့်နောင်မင်းတရားလက်ထက် မှစတင်၍ ထွန်းကားခဲ့ကြောင်း သမိုင်းအထောက်အထား အချို့တွင် ဖော်ပြထားသည်။ မြန်မာ့ယွန်းသည် စုပေါင်းအားဖြင့် အဆင့်ပေါင်းများစွာ အချိန်ယူ၍ ပြုလုပ်ရခြင်း၊ အလွန်အသေးစိတ်၍ လှပသေသပ်သော အဆင်တန်ဆာများဖြင့် အလှဆင်ထားခြင်း၊ မြန်မာ့ယဉ်ကျေးမှုနှင့် ဓလေ့ကို ထင်ဟပ်စေနိုင်သော လက်မှု ပစ္စည်းဖြစ်ခြင်း စသည်တို့ကြောင့် ယနေ့တိုင် ခမ်းနားသည့် ပညာရပ်အနေဖြင့် ရပ်တည်လျှက်ရှိသည်။

Lacquerware 3

ယွန်းထည်၏ အတွင်းသားကို ၀ါး၊သစ်သား အစရှိသဖြင့် အသုံးပြုကြပြီး ၀ါးကို အသုံးများသည်။ ယွန်းထည်တစ်ခု စတင် ပြုလုပ်ရန် ၀ါးကို လိုအပ်သည့် ပုံသဏ္ဍာန် ရစ်ခွေခြင်း (သို့မဟုတ်) ရက်လုပ်ခြင်း ပြုရသည်။ ထို့နောက်တွင်မှ သစ်စေးသုတ်လိမ်းခြင်း၊ ဆေးကြောခြင်း၊ အခြောက်ခံခြင်း နှင့် အရောင်တင်ခြင်းတို့ကို တစ်လွှာပြီးတစ်လွှာ ပြုလုပ်ရခြင်းဖြစ်သည်။ သစ်စေးသုတ်လိမ်းပြီးသား ယွန်းထည်အခံပေါ်တွင် ရုပ်ကြွများရရှိစေရန် သရိုးကိုင်ခြင်း၊ မှန်စီရွှေချခြင်း၊ အစရှိသည်တို့ဖြင့် တန်ဆာဆင်ကြသည်။ ကြာရှည်ခံသည့် ယွန်းထည်ကောင်းတစ်ခု ရရှိစေရန် အခြောက်ခံခြင်း၊ ဆေးကြောခြင်း၊ အရောင်တင်ခြင်းတို့အား သစ်စေး၊ ကျွန်းမီးသွေး၊ နွားရိုးပြာ အစရှိသည်တို့ကို အသုံးပြု၍ အနည်းဆုံး ခုနစ်ကြိမ်၊ ရှစ်ကြိမ်ခန့် ထပ်ဖန်တလဲလဲ ပြုလုပ်ကြရသည်။ ထို့ကြောင့် ယွန်းထည်ကောင်းတစ်ခု ရရှိရန် လနှင့်ချီ၍ ကြာညောင်းတတ်သည်။

အများအားဖြင့် အနက်၊အနီ၊ အစိမ်း အစရှိသည်ဖြင့် အရောင်ကွဲများရှိပြီး ရွှေခတ်၍ အလှဆင်ထားသော ရွှေဇ၀ါယွန်းအမျိုးအစားလည်း ရှိသည်။ ယွန်းထည်စစ်စစ်များသည် ပြင်ပလက်ရာအားဖြင့် အနုစိတ်သော်လည်း အပူဒဏ်ကို ခံနိုင်ခြင်း၊ ပိုးမစားခြင်း၊ ရာသီဥတုဒဏ်ခံနိုင်ခြင်းနှင့် အလွယ်တကူပျက်စီးမလွယ်ခြင်းတို့ကြောင့် ကျော်ကြားသည်။ ပုဂံသည် ယွန်းထည်ထွက်ရှိရာ ပင်မအချက်အချာဒေသဖြစ်၍ မန္တလေး၊ ကျောက္ကာနှင့် ကျိုင်းတုံတို့တွင်လည်း ထွက်ရှိသည်။

ကျောက္ကာယွန်း၊ ရွှေဇ၀ါယွန်း၊ မှန်စီရွှေချယွန်း၊ ယွန်းခြောက်ထည်၊ သရိုးယွန်း နှင့် ရိုးရိုးယွန်းထည်များ အစရှိသဖြင့် အမျိုးအစားခွဲခြားထားပြီး လက်ဖက်အစ်၊ ကွမ်းအစ်၊ သောက်ရေခွက်၊ အရွယ်စုံ ခွက်များ သေတ္တာများ၊ လင်ဗန်းများ နှင့် အခြားအသုံးအဆောင်ပစ္စည်းများ မှစ၍ ဘုရားဆင်းတုတော်အထိ ပြုလုပ်နိုင်သည့် ကျယ်ဝန်းနက်နဲသည့် ပညာရပ်တစ်ခုဖြစ်ပါသည်။

6

Yun, lacquerware, is one of the traditional crafts that Myanmar people can be proud of. Historical facts show that craftsmanship of lacquerware has originated in the time of King Bayint Naung. That valuable craftsmanship of lacquerware is strongly standing till today for its collaborative works in several and complicated steps, details and heartfelt decorations and authenticity of Myanmar cultures and traditions.

Inner frame of lacquerwares are made of bamboo or wood, but mostly bamboo. Lacquering starts from framing or weaving bamboo in designated shapes. Then, coating with Thit-See (sap tapped from the varnish tree/ Melanorrhoea Usitata) and Thayo (putty-like substance, mixture of thitsee, ashes or sawdust), washing, varnishing and drying for several times and layer on layer followed. The decorations on finished coated lacquer come with sculpting (embossing) with Thayo, encrusting with glass mosaic and semi-precious gems and painting (engraving), all done free-hands. After seventh or eighth times layer on layer drying, washing, coating with teakwood charcoal and ox bone ash, a durable and long lasting lacquer work came out which takes at least months of time.

The colours come mostly in black, red and green and there is also gold filled designs on black background called ‘Shwezawa’. The authentic Myanma lacquerware is famous for its durability for direct heat, insects and weather in all conditions though it looks preciously tender in detailed works. Bagan is the center for lacquerwares and others are Mandalay, Kyaukka and Kyine Tone.

Varieties of Myanmar lacquerwares is roughly listed as Kyaukka Yun, Shwezawa Yun, Hmansi Shwe Cha Yun (decorated with glass mosaic), Yun Chaut (non-decorative lacquer), Thayo Yun (sculpted lacquerware) and the ordinary ones. Lacquerwares can be variously found from different containers such as Laphat It (for tealeaves salad) and Kunn It (for chewing betel nuts), cups, boxes, trays and other several different accessories to Buddha statues.

This slideshow requires JavaScript.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s