နံ့သာဖြူ (Sandalwood)

နံ့သာဖြူ (စန္ဒကူးဖြူ) (Sandalwood/ Santalum album)

နံ့သာဖြူ (စန္ဒကူးဖြူ) ဆေးဘက်ဝင်သည့်အပြင် နှစ်ပေါင်းများစွာမပြယ်သည့် အမွှေးရနံ့ရှိသည့်အတွက် တန်ဖိုးကြီး သစ်ပင်တစ်မျိုးဖြစ်သည်။ နံ့သာဖြူကို မြန်မာ့ပရဆေးတို့တွင်ထည့်သွင်းအသုံးပြုကြ၍ သူ့ချည်းသက်သက်လည်း ဆေးဘက်ဝင်အာနိသင်ရှိသောကြောင့် သွေး၍လိမ်းခြင်း၊ သောက်ခြင်း တို့ကိုလည်း ပြုလုပ်နိုင်သည်။ အိန္ဒိယမျိုးရင်းဖြစ်၍ မြန်မာနိုင်ငံတွင် ရန်ကုန် ကမ္ဘာအေးလှိုဏ်ဂူပတ်ဝန်းကျင်၊ ပြင်ဦးလွင်နှင့် ပုပ္ပါးတောင်ခြေ အစရှိသည်တို့တွင် စိုက်ပျိုးထားရှိသည်။

Beads 10

အမြဲ စိမ်းလန်းသော ပင်လတ် တစ်မျိုး ဖြစ်၍ ပေ ၃၀ မှ ၄၀ အထိမြင့် ၏ ။သေးသွယ်၍ တွဲကျသော အကိုင်းအခက် များရှိ၏ ။ အခေါက်နီညို ၊ သို့မဟုတ် အညိုရင့် ရောင်ရှိ၍ အတွင်းခံ အနီရောင် ရှိသည်။

ခါးသက်သောအရသာရှိ၍ လိမ်းထားပါက အေးမြသည့်သဘာဝရှိသည်။ အပူရောဂါ၊ နှလုံးရောဂါနှင့် အဆိပ်အတောက်ဖြစ်ခြင်းတို့အတွက် အထောက်အကူပြု၍ အခြားသဘာဝဆေးများနှင့်ပေါင်းစပ်အသုံးပြု၍ လည်း ပျောက်ကင်းနိုင်သည့် ရောဂါ အမြောက်အမြားရှိ၏။

နံ့သာဖြူသားမှထုတ်ယူရရှိသောအဆီကို အမွှေးနံ့သာအဖြစ် အသုံးပြုကြ၍ မြန်မာလူမျိုးများအနေဖြင့် ဘုရားဆင်းတုတော်ကို နံ့သာဖြူအတုံးမှရရှိသည့် နံ့သာရည်ဖြင့် ပက်ဖျန်းပူဇော်ခြင်း၊ နံ့သာဖြူအမွှေးရနံ့ပါသည့် အမွှေးတိုင်များ ကပ်လှူပူဇော်ခြင်းတို့ကိုပြုလုပ်လေ့ရှိကြသည်။ တရားထိုင်သည့်အခါ နံ့သာဖြူရနံ့ကို ရရှိနေခြင်းဖြင့် စိတ်ကိုကြည်လင်နိုးကြားစေ၍ အာရုံစုစည်းမှုကို အားကောင်းစေသည်ဟု ဆိုကြသည်။

သဘာဝအတိုင်း မွှေးရနံ့ရနိုင်သည့် အခြားသစ်မျိုးများစွာရှိသော်လည်း နံ့သာဖြူကဲ့သို့ ဆယ်စုနှစ်ပေါင်းများစွာ မွှေးရနံ့ရှိနေနိုင်သည့် သစ်မျိုးမှာ ရှားပါးလှသည်။ ကမ္ဘာတွင် ဒုတိယတန်ဖိုးအကြီးဆုံးသစ်အမျိုးအစားဖြစ်၍ အလွန်အကျွံခုတ်လှဲမှုကြောင့် အရေအတွက်နည်းပါးလာသည့် ဘေးနှင့်လည်း ရင်ဆိုင်နေရသည့် သစ်အမျိုးအစားဖြစ်သည်။ နံ့သာဖြူသားဖြင့် ဘုရားဆင်းတုတော်များ၊ ရုပ်တုများ၊ ယပ်တောင်နှင့် ပုတီးများ ပြုလုပ်လေ့ရှိကြသည်။

Sandalwood/ Santalum Album

Sandalwood is sort of aromatic and medicated wood which can retain their fragrance for decades. Sandalwood is advantageously used and mixed in Myanmar traditional medicines and also used purely it’s paste as the lotion or as syrup accordingly in respective pains or diseases.

Beads 5

The species of true sandalwood are originally from India and there are some planted nearby Kabaraye cave, Pyin Oo Lwin and at the foot of Mount Popa in Myanmar. It is a class of evergreen medium-sized tree and can be found up 30 or 40 feet. It is also a semi-parasitic tree with red-brown or dark-brown bark and red wood.

Sandalwood has the bitter taste and has the cold nature if you apply on the skin. It is also medicated to go with other herbs for body heat, heartache, toxic affection and effective for healing many more pains and diseases.

The extracted oil from sandalwood is used as the fragrance and in Myanmar, most of the people valuably use sandalwood oil and incenses only to offer as the fragrance to Buddha. The fragrance of sandalwood also helps retaining concentration and maintain alertness for meditation.

Though there are several different types of aromatic woods, sandalwoods are rare species with retaining its fragrance for decades. These second most expensive slow-growing trees have suffered over-harvesting in the past and now under very strict protections by the country’s governments. From sandalwood, Buddha statue, sculptures, hand fans and beads are made and highly demanded now a day.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: